I AM A BILL အကြောင်း

I AM A BILL website သည် ပြည်ထောင်စုအဆင့်လွှတ်တော်တွင် တင်သွင်းဆွေးနွေးလျက်ရှိသည့် ဥပဒေကြမ်းများ၏ သတင်းအချက်အလက်များ နှင့် ဥပဒေကြမ်းများအပေါ် ပြည်သူလူထု၏ သဘောထားအမြင်ကို ဖော်ပြပေးနိုင်မည့် website တစ်ခုဖြစ်ပါသည်။ လက်ရှိစမ်းသပ်ကာလ (beta version) အနေဖြင့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်း (၂၀၁၆ -၂၀၂၀) ၏ ဥပဒေကြမ်းဆိုင်ရာ အချက်အလက်များအား အလွယ်တကူ ရှာဖွေရယူနိုင်ရန် ရေးဆွဲထားသော website တစ်ခု ဖြစ်ပါသည်။
ရည်ရွယ်ချက်များ
  • လွှတ်တော်တွင်း ဥပဒေကြမ်းများ တင်သွင်းဆွေးနွေးမှု အခြေအနေများကို အချိန်နှင့်တပြေးညီ ဖော်ပြပေး နိုင်ရန်     
  • ဥပဒေပြုရေးအခန်းကဏ္ဍတွင် ပြည်သူလူထု၏ပါဝင်မှုအား နည်းပညာကိုအသုံးပြု၍ ပိုမိုမြှင့်တင်ပေးနိုင်ရန်
  • ဥပဒေကြမ်းများကို ပြည်သူများ အလွယ်တကူအချိန်အမရွေး ရယူနိုင်စေရန် နှင့် နားလည်နိုင်စေရန်
ဥပဒေကြမ်းဆိုင်ရာ အချက်အလက်များ
  • ဥပဒေကြမ်းများ၏ ကနဦးအချက်အလက်များ [တင်သွင်းသည့်ပုဂ္ဂိုလ်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း (ပြည်ထောင်စုအဆင့် ၀န်ကြီးဌာနများ၊ သက်ဆိုင်ရာလွှတ်တော်ကော်မတီများ)တင်သွင်းသည့်ရက်စွဲ၊ တင်သွင်းခဲ့သည့်လွှတ်တော်သက်တမ်း၊ တင်သွင်းသည့်လွှတ်တော်၊ ဥပဒေကြမ်းအမျိုးအစား]
  • ဥပဒေကြမ်းများ၏ လက်ရှိရောက်ရှိနေသည့်အဆင့်
  • ဥပဒေကြမ်း စတင်တင်သွင်းသည့်အချိန်မှ လက်ရှိအချိန်အထိ ဆွေးနွေးမှုအဆင့်ဆင့်
  • ဥပဒေကြမ်းများ/ ဥပဒေအဖြစ်ပြဌာန်းပြီး ဥပဒေများ၏ PDF ဖိုင်များ
  • ဥပဒေကြမ်းတင်သွင်းသူဆိုင်ရာ အချက်အလက်များ (လွှတ်တော်ကိုယ်စားလှယ်/ သက်ဆိုင်ရာလွှတ်တော်ကော်မတီ / သက်ဆိုင်ရာပြည်ထောင်စုအဆင့်၀န်ကြီးဌာန
ပြည်သူလူထု၏ ပါဝင်နိုင်မှု
  • သက်ဆိုင်ရာဥပဒေကြမ်းတစ်ခုချင်းစီတွင် အသုံးပြုသူများ၏ အကြံပြုချက်၊ သဘောထားအမြင်းများအား ၀င်ရောက်မှတ်ချက်ရေးသားနိုင်ခြင်း
  • သက်ဆိုင်ရာ ဥဒေကြမ်းတစ်ခုချင်စီအား အသုံးပြုသူများမှ voting ပြုလုပ်နိုင်ခြင်း (ကြိုက်နှစ်သက်/ မကြိက်နှစ်သက်)
ဆက်လက်အကောင်ထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ
  • လွှတ်တော်ကော်မတီများ၏အချက်အလက်များ (လွှတ်တော်များ၏ကော်မတီများစာရင်း၊ ကော်မတီများအားဆက်သွယ်ရန် အချက်အလက်များ၊ ၊ ကော်မတီအဖွဲ့၀င်များ၏အချက်အလက်များ)
  • ဥပဒေကြမ်းဖြစ်စဉ်တစ်ခုတွင် ၀င်ရောက်ဆွေးနွေးခဲ့သူများစာရင်းနှင့် ၄င်းတို့၏အချက်အလက်များ
  • ဥပဒေကြမ်း တင်သွင်းသည့် ပုဂ္ဂိုလ်၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း တို့၏ ဥပဒေကြမ်းတင်းသွင်းခဲ့မှု နှင့် တင်သွင်းဖြစ်စဥ်၀င်ရောက်ဆွေးနွေးခဲ့မှု နောက်ခံသတင်းအချက်အလက်များ
  • ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် တင်သွင်းခဲ့သည့် ဥပဒေကြမ်းများ၏အချက်အလက်များ
  • ဥပဒေကြမ်းဆိုင်ရာ သတင်းအချက်အလက်များအား အလွယ်တကူရယူနိုင်အသုံးပြုနိုင်ရန် API data များ
  • Mobile App

ထို့အပြင် အသုံးပြုသူများ၏ အကြံပြုချက်များကိုရယူပြီး ပိုမို ကောင်းမွန်မည့် Web Platform တစ်ခုဖြစ်လာစေရန် စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သတင်းအချက်အလက်များကောက်ယူစုဆောင်းမှုပုံစံ

ဥပဒေကြမ်းများ နှင့် သတင်းအချက်အလက်များအားလုံးသည် သက်ဆိုင်ရာလွှတ်တော်အသီးသီး၏တရား၀င် website စာမျက်နာများမှ ဖော်ပြထားသည့် လွှတ်တော်အစည်းအဝေးအစီအစဉ်များ၊ အစည်းအဝေးမှတ်တမ်းများနှင့် ရုပ်မြင်သံကြားတိုက်ရိုက်ထုတ်လွင့်မှု (HLUTTAW Channel) အစီအစဥ်များမှ ကောက်ယူစုစည်းထားခြင်း ဖြစ်ပါသည်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ကိုယ်ရေးအချက်အလက်များအား ပွင့်လင်းလွှတ်တော် မှ သတင်းအချက်အလက်ရင်းမြစ် API (Application Programming Interface) data များအား အသုံးပြုထားပါသည်။

အကောင်အထည်ဖော် ဆောင်ရွက်သည့် အဖွဲ့အစည်းများ

I AM A BILL Website စီမံကိန်းကို ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Peace & Justice Myanmar -PJM) မှ ၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းတွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ဘဏ္ဍာရေးဆိုင်ရာကို USAID နှင့် FHI360 က ပံ့ပိုးပေးပါသည်။ ထို့အပြင် လိုအပ်သည့်သတင်းအချက်အလက် အရင်းအမြစ်များရရှိရန် ပွင့်လင်းလွှတ်တော် (OpenHluttaw)၊ အာနန္ဒာ ဒေတာ (ananda data) တို့နှင့် ပူပေါင်းဆောင်ရွက်လျက်ရှိပြီး နည်းပညာဆိုင်ရာများအား Zinotech ဖြင့် ပူးပေါင်း အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့အကျဥ်း

ငြိမ်းချမ်းမျှတလူမှုဖွံ့ဖြိုးရေးအဖွဲ့ (Peace & Justice Myanmar - PJM) အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအဆင့် ပြည်တွင်းအသင်းအဖွဲ့မှတ်ပုံတင်အမှတ် (၁/ပြည်တွင်း/ဝ၄၁၁) ရရှိထားပြီး ဘက်မလိုက်အကျိုးအမြတ်မယူသော ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းဖြစ်သည်။ မြန်မာနိုင်ငံသားများအား ပြည်သူ့နီတိ အသိပညာပေးခြင်း၊ ဒီမိုကရေစီနည်းကျ နိုင်ငံသားများအဖြစ် မြှင့်တင်ခြင်း၊ ရွေးကောက်ပွဲဖြစ်စဉ်များစောင့်ကြည့်လေ့လာခြင်း နှင့် ရွေးကောက်ပွဲဥပဒေမူဘောင် ပြုပြင်ပြောင်းလဲခြင်း ဖြစ်စဉ်၊  ပြည်သူလူထု၏ လူမှုဘဝနှင့် သက်ဆိုင်သောမူဝါဒများအား ပြုပြင်ပြောင်းလဲရန် တိုက်တွန်း နှိုးဆော်ခြင်း၊  ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် နိုင်ငံသားများ၏ ပူးပါင်းပါဝင်ဆောင်ရွက်မှု ပိုမိုအားကောင်းစေမည့် လုပ်ငန်းစဉ်များတွင် ပါဝင် အကောင်အထည်ဖော်ခြင်းတို့ကို  ဆောင်ရွက်လျက် ရှိသည်။